Pages

Pages

ပေါင်မြို့နယ်တွင်မုန်တိုင်းဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေး ( Talk Show ) ပြုလုပ်


MNP ၊ ဇူလိုင် ၁၄

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင်   မုန်တိုင်းဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေး ( Talk Show ) ပြုလုပ်ကျင်းပခြင်းကို ယနေ့ နေ့လယ် ( ၁ )နာရီကပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်မာလာအောင်က (Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပေါင်မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မှ ဒေါ်လဲ့လဲ့ထူး က မုန်တိုင်းမဖြစ်ပေါ်မီ  မိမိအိမ်ပတ်ဝန်းကျင်တွင် ဘေးအန္တရာယ်ဖြစ်နိုင်ခြေများသည့်အိမ်၏ကြံ့ခိုင်မှုကိုစစ်ဆေးရန်၊အိမ်အနီးရှိ သစ်ပင်၊သစ်ကိုင်းများကိုခုတ်ထွင်ရှင်းလင်းထားပြီး မိသားစုများအရေးပေါ်ပြောင်းရွှေ့နိုင်ရန်နေရာ၊လမ်းကြောင်းများနှင့်စုရပ်ကိုကြိုတင်သတ်မှတ်ထားကြပါရန်လည်းကောင်း၊ အရေးပေါ်ပစ္စည်းများနှင့် အရေးပေါ်အသက်ကယ် ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားကြပါရန်၊မုန်တိုင်းသတိပေးချက်ရလျင် ဆောင်ရွက်ရမည့်အချက်များ၊လိုက်နာရမည့်အချက်များ၊ရှောင်ရှားသင့်သည့်အချက်များကိုလည်းကောင်း၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ၊မုန်တိုင်းပြီးချိန်တွင် ရှောင်ရှားသင့်သည့်အချက်များကိုလည်း‌ကောင်း  စသည့် အကြောင်းအရာများကို  ဆွေးနွေးခဲ့ပါသည်။


ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများအသိပညာတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment