MNP ၊ ဇူလိုင် ၁၈
မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် အာဇာနည်နေ့အထိမ်းမှတ် အသိပညာပေး ( Talk Show ) ပြုလုပ်ကျင်းပခြင်းကို ယနေ့ နံနက် ( ၁၀ )နာရီကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပေါင်မြို့နယ် အခြေခံပညာဦးစီးဌာန၊ (အမက)မူလွန်ကဒါကမ်းနား ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လေးဖြူဖြူက ၁၉၄၇ ခုနှစ်၊ဇူလိုင်(၁၉)ရက်နေ့သည် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့်အတွက် အာဇာနည်နေ့အဖြစ်သတ်မှတ်ခဲ့ကြောင်း၊ ထိုနေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ စာသင်ကျောင်း၊ရုံးများ၊ဘဏ်များ၊ဈေး စသည့် နေရာများကို ပိတ်ခြင်း၊ ဝမ်းနည်းခြင်းအထိမ်းအမှတ် နိုင်ငံတော်အလံကို တိုင်တစ်ဝက်လွှင့်ထူခြင်း၊စသည့်အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်းကိုအကျယ်တဝင့် ဆွေးနွေးခဲ့ပါသည်။
ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများ အသိပညာတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost

No comments:
Post a Comment