Pages

Pages

သထုံမြို့နယ်၌ ရာသီဥတုပြောင်းလဲမှုအကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့် Talk Show ဆွေးနွေးပွဲပြုလုပ်




MNP ၊ ဇူလိုင် ၁၃

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ "ရာသီဥတုပြောင်းလဲမှုအကြောင်း သိကောင်းစရာ" ခေါင်းစဉ်ဖြင့် Talk Show ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်ခဲ့သည်။


ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ခဲ့ပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသော်ထူးပိုင်က ဦးဆောင်ဆွေးနွေးသည်။


ထိုသို့ဆွေးနွေးရာတွင် လူသားနှင့်သဘာဝပတ်ဝန်းကျင်တို့၏ ဆက်သွယ်မှု၊ ရာသီဥတု‌ပြောင်းလဲလာရသည့်အကြောင်းရင်းများ၊ ကမ္ဘာကြီးပူနွေးလာမှုနှင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှုများ၊ ရာသီဥတုပြောင်းလဲမှုကြောင့် ပေါ်ပေါက်လာသည့် သဘာဝဘေးအန္တရာယ်များ၊ ပြောင်းလဲလာသည့် ရာသီဥတုဖြစ်စဉ်များနှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်သင့်သည့် အချက်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် လူတစ်ဦးချင်းစီအလိုက် လုပ်ဆောင်နိုင်သည့် နည်းလမ်းများ၊ ကမ္ဘာမြေကြီးကို ထိန်းသိမ်းစောင့်ရှောက်ကြခြင်းဖြင့် လူသားများအပါအဝင် သက်ရှိလောကအားလုံးတို့အတွက် အေးချမ်းသာယာသည့် ဝန်းကျင်အဖြစ် ဖန်တီးနိုင်မှုများ စသည်တို့ကို အပြန်အလှန် မေးမြန်း၊ ဖြေဆို၊ တင်ဆက်ခဲ့ကြသည်။


သထုံခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်‌လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment