Pages

Pages

ပုဗ္ဗသီရိမြို့နယ် သာယာဝှမ်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းအစည်းအဝေး ကျင်းပ


MNP ၊ ဇူလိုင် ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာအုပ်စု၊ သာယာဝှမ်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း Village Development Plan (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။


အဆိုပါ အစည်းအဝေးတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအတွင်းရှိ ပြည်သူများက တက်ရောက်ခဲ့ကြသည်။ ထို့နောက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးအောင်မှ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံ​တော်မှ ထောက်ပံ့ပေးသည့် ရန်ပုံငွေ သိန်း ၁၅၀ နှင့်ပတ်သတ်သည့် လုပ်ငန်းစဥ်များအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး ကျေးရွာနေပြည်သူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


လှိုင်မြင့်

https://t.me/MyanmarNationalPost




No comments:

Post a Comment