Pages

Pages

ကျွန်းစုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား Biometric Data ကောက်ယူ၊ UID နံပါတ်များ ထုတ်ပေး



MNP ၊  ဩဂုတ်  ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဇီဝဆိုင်ရာအချက်အလက်များ(Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို သြဂုတ်လ(၂၈)ရက်နေ့မှ စတင်ကာ အ.ထ.က (ကျွန်းစု)ကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူလျင်မြန်လာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသောနံပါတ် Unique ID ထုတ်ပေးရန် Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ် တည်ဆောက်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်သည်။


e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ ကောက်ယူပြီး Data base အတွင်းသို့ ထည့်သွင်းခြင်း လုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းအောင် ကြီးကြပ်မှုဖြင့် မြို့နယ်စာရင်းကောက်ယူရေးအဖွဲ့နှင့် ပညာရေးဝန်ထမ်းများက အဆိုပါကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ(၃၉၄)ဦးအား ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ယနေ့အထိ ကျောင်းသား၊ ကျောင်းသူ (၁၂၀)ဦး ဆောင်ရွက်ပြီးစီးခဲ့၍ Unique ID နံပါတ်ပါ ကတ်ပြားများအား တာဝန်ရှိသူများက  ပြန်လည်ထုတ်ပေးခဲ့ကြောင်း သိရသည်။


ထက်မြင့်

https://t.me/MyanmarNationalPost




No comments:

Post a Comment