Pages

Pages

ပုဏ္ဏားကျွန်းမြို့နယ်၌ စိုက်ပျိုးရေးနည်းပညာအသိပညာပေးပွဲနှင့် သဘာဝဓာတ်မြေဩဇာ ပြုလုပ်သုံးစွဲနည်း သရုပ်ပြပွဲကျင်းပ





MNP ၊  ဩဂုတ်  ၂၁

   ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်၍ မိုးစပါးဧက အထွက်နှုန်းကောင်းမွန်သည့် စိုက်ပျိုးရေးနည်းပညာအသိပညာပေးပွဲနှင့်သဘာဝဓာတ်မြေဩဇာပြုလုပ်သုံးစွဲနည်း သရုပ်ပြပွဲကို ယမန်နေ့၊ နေ့လည်ပိုင်းက ယိုးတရုပ်ရှေ့တန်းစခန်းတွင် ကျင်းပခဲ့ကြသည်။


   ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးထွန်းအောင်ကျော်က တောင်သူများအား ယူရီးယားတီးစူပါနှင့်ပိုတက်ချ်ပိုးသတ်ဆေးကို စနစ်တကျသုံးစွဲရန်နှင့်စူပါ ဘိုကာရှီမြေဩဇာပြုလုပ်သုံးစွဲဖြင့်ဖြင့် ရရှိမည့်အကျိုးကျေးဇူးများနှင့်မိုးစပါးဧက အထွက်နှုန်း တိုးတက်ကောင်းမွန်ရန် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်


   အခမ်းအနားသို့ ယိုးတရုပ်၊ မြတ်လှဲနှင့် ဂဏန်းတောင်ကျေးရွာအုပ်စုများမှ တောင်သူ ၅၀ ဦးတက်ရောက်ခဲ့ကြပြီး၊  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းတို့က စူပါဘိုကာရှီ သဘာဝဓာတ်မြေဩဇာ ပြုလုပ်နည်းအဆင့်ဆင့်တို့ကို စနစ်တကျ လက်တွေ့ သရုပ်ပြသခဲ့ရာ တောင်သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။ 


နီထွန်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment