Pages

Pages

ပြည်မြို့၊ ခုတင်(၅၀၀)အထွေထွေရောဂါကုဆေးရုံကြီး၌ ဒေသခံပြည်သူများအား ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ၏ အထူကုဆေးကုသရေးအစီအစဥ်ဖြင့် လာရောက်ဆေးဝါးကုသပေး


MNP ၊  ဩဂုတ်  ၂၇

ပြည်မြို့၊ ခုတင်(၅၀၀)အထွေထွေရောဂါကုဆေးရုံကြီး၌ ယမန်နေ့နံနက်ပိုင်းက စတင်၍ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ ၈၀၀ ကျော်အား ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၏ အထူကုဆေးကုသရေးအစီအစဥ်ဖြင့် လာရောက်ဆေးကုသပေလျက်ရှိသည်။


ဆေးဝါးကုသပေးမှုဆောင်ရွက်ရာတွင် ဦးနှောက်နှင့် အာရုံကြောရောဂါ၊ သွေးနှင့်ပတ်သက်သည့်ရောဂါ၊ အသည်းရောဂါ၊ နှလုံးရောဂါ၊ ရင်ခေါင်းနှင့် ပတ်သက်သည့်ရောဂါ၊ အစာအိမ်အူလမ်းကြောင်းရောဂါ၊ အရိုးအဆစ်ရောဂါ၊ မျက်စိ/နား/နှာခေါင်း/လည်ချောင်းရောဂါ၊ ဆီးနှင့်ကျောက်ကပ်ရောဂါများအား စစ်ဆေး ကုပေးပြီး ဆေးဝါး(၁)ပတ်စာ အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှု‌ ဆေးဝါးကုသဆောင်ရွက်ပေးခြင်းကို ယခုလ ၂၆ ရက်မှ ၂၇ ရက်‌နေ့အထိ နှစ်ရက်ကြာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။


ကိုစိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment