Pages

Pages

ဂွမြို့နယ်တွင် ကျောင်းကျန်းမာရေး အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ






MNP ၊  ဩဂုတ် ၃၀

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန  (မိခင်ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရဌာန)မှ တာဝန်ရှိသူများသည် ယမန်နေ့၊ နေ့လယ်ပိုင်းက အ.လ.က ရွှေရချိုင်ကျောင်းသို့ သွားရောက်ပြီး ကျောင်းကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများကို  အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။


ရှေးဦးစွာ  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သွားနှင့် ခံတွင်းဆိုင်ရာ  Dr . ယဥ်ယဥ်ဝင်း ( ဦးစီးအရာရှိ ) က ကျောင်းသား၊ကျောင်းသူများကို သွားနှင့်ခံတွင်းအကြောင်း ကျန်းမာရေး သရုပ်ပြ ပညာပေးခြင်း၊(မိခင်ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရဌာန)မှ ဦးစီးအရာရှိ ဒေါ်နီလာအေးက မိုးရာသီတွင်ဖြစ်ပွားတတ်သောရောဂါများနှင့် အစာအာဟာရများအကြောင်း၊ မူးယစ်ဆေးဝါးနှင့် လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများအကြောင်း ဆွေးနွေးဟောပြောခဲ့သည်။ဆက်လက်၍  ရွှေရချိုင် ကျေးလက်ကျန်းမာရေးဌာနခွဲမှအမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်စမ်းစမ်းသိန်းက  လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများနှင့် မိန်းကလေးများတွင်ဖြစ်တတ်သော ရာသီစက်ဝန်းများ အကြောင်းတို့ကို သရုပ်ပြ ပညာပေး ဆောင်ရွက်ခဲ့ကြပြီးကျောင်းသား၊ ကျောင်းသူများအား သွားတိုက်ဆေးများပေးအပ်ကာ ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများလည်း ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment