Pages

Pages

မြောက်ဦးမြို့ ယာယီခိုလှုံရာစခန်းမှ ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတတိုးပွား စေရေး နယ်လှည့် စာကြည့် တိုက်ဖွင့်လှစ်





MNP ၊  ဩဂုတ်  ၂၃

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယာယီခိုလှုံရာစခန်း ရှိ ကျောင်းသား၊ကျောင်းသူများအား နယ်လှည့်စာကြည့်တိုက်ဖွင့် လှစ်ပေး ခြင်း၊ နံရံကပ်စာစောင်များခင်းကျင်းပသခြင်းတို့ကို ယနေ့ နံနက် ၁၁ နာရီအချိန်က အောင်တပ် ရပ်ကွက် မင်္ဂလာအောင်စေတီဘုရား  ယာယီခိုလှုံရာစခန်းရှိ ယာယီအခြေခံပညာ (မူလွန်) ကျောင်း သို့ သွားရောက်ခဲ့ကြောင်း သိရသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ရုပ်ပြပုံပြင်များ စသည့် စာအုပ်များကို ငှားရမ်းပေးခြင်း၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြသည်။


မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြောက်ဦးမြို့နယ် အတွင်းရှိ ယာယီခိုလှုံရာစခန်းများ၊အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အချိန် ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ကျောင်းစာအပြင် ဗဟုသုတတိုးပွားရေးအတွက် ပြင်ပ စာစောင်များကိုပါ လေ့လာဖတ်ရှုကြစေရန် နယ်လှည့်စာကြည့်တိုက်များ ဖွင့်လှစ်ပေးခြင်း၊ အထိမ်းအမှတ် နေ့ရက်များအလိုက် ဟောပြောပွဲများ၊နံရံကပ်စာစောင်များနှင့် ဓာတ်ပုံပြပွဲများ ပြုလုပ်ပေးခြင်း ၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသမီးကော်မတီမှထုတ်ဝေသော ပြည်တွင်းနေရပ်စွန့်ခွာသူ များပြန်လည်နေရာချရေးလက်ကမ်းစာစောင်များကို ယာယီခိုလှုံရာစခန်းမှ ပြည်သူများသိရှိစေရန် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


မြင့်စိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment