Pages

Pages

ဆေထာ ထဝီဆာအား ဝန်ကြီးချုပ်သစ်အဖြစ် ထိုင်းဘုရင် အတည်ပြု





ဘန်ကောက်၊ ဩဂုတ် ၂၃ 

ထိုင်းနိုင်ငံ ဘုရင် မဟာဗာဂျီရယ် လောင်ကွန်း (Maha Vajiralongkorn) သည် ဆေထာ ထဝီဆာ (Srettha Thavisin) အား ဝန်ကြီးချုပ်အဖြစ် တာဝန်ယူရန် ခွင့်ပြုလိုက်ကြောင်း အောက်လွှတ်တော် ဥက္ကဋ္ဌ ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၂၃ ရက်၌ ပြောကြားခဲ့သည်။

“အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဝန်ကြီးချုပ်ရွေးချယ်မှုရလဒ်အကြောင်း ဘုရင်ဆီ တင်ပြတဲ့စာ ပေးပို့ခဲ့တယ်။ ပြီးတော့ ဘုရင်က ၃၀ ယောက်မြောက် ဝန်ကြီးချုပ်ကို အတည်ပြုခန့်အပ်လိုက်ပါတယ်” ဟု Kampee Ditthakorn က သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

အောက်လွှတ်တော် အတွင်းရေးမှူးက တော်ဝင်ခွင့်ပြုမိန့်ကို ဖြူထိုင်းပါတီရုံးချုပ်ထံ ဒေသစံတော်ချိန် ညနေ ၆ နာရီမှာ ပေးပို့ရန် စီစဉ်ထားကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ထဝီထာသည် ဩဂုတ် ၂၂ ရက်က ကျင်းပခဲ့သည့် လွှတ်တော်နှစ်ရပ် ပူးတွဲဆန္ဒမဲခွဲရာ၌ ဝန်ကြီးချုပ်သစ်အဖြစ် ရွေးကောက်ခြင်းခံခဲ့ရသည်။

အိမ်ခြံမြေသူဋ္ဌေးဟောင်းဖြစ်သူ အသက် ၆၀ နှစ်အရွယ် ဆေထာ ထဝီဆာသည် မေလ ရွေးကောက်ပွဲမတိုင်မီက နိုင်ငံရေးစင်မြင့်ပေါ် ရောက်ရှိလာခြင်းဖြစ်ကာ ဖြူထိုင်းပါတီ၏ ဝန်ကြီးချုပ်လောင်းအဖြစ် ပေါ်ထွက်လာခြင်းဖြစ်သည်။


Ref - (Xinhua)

#MyanmarNationalPost

No comments:

Post a Comment