Pages

Pages

ပေါက်တောမြို့တွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု ပြုလုပ်





MNP ၊  ဩဂုတ်  ၁၈

ရခိုင်ပြည်နယ် ပေါက်တောမြို့တွင်​ကျောင်းသား ကျောင်းသူကလေးငယ် များကိုယ်ခန္ဓာကြီးထွားသန်မာခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးခြင်း၊ ရောဂါကာကွယ်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိခံစားရစေနိုင်ရန်နှင့် စံမှီအာဟာရ ပြည့်ဝမျှတစေရန်အတွက် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုကို ယနေ့ နံနက်ပိုင်းက ပေါက်တောမြို့ အမှတ်(၃) ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။


ထို့နောက် မြို့နယ် အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးအဖွဲ့ဥက္ကဋ္ဌ ​ေဒါ်မသန်းစော က အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျောင်းသား ကျောင်းသူ ကလေးများအား အာဟာရတိုက်ကျွေးခဲ့ကြသည်။


ထို့ပြင် ကျောင်းသား ကျောင်းသူ ကလေးငယ်များ နေ့စဉ်လိုက်နာကျင့်သုံးရန် ယဉ်ကျေးလိမ္မာ မင်္ဂလာ မေတ္တာ ကျင့်ဝတ်များကိုလည်းဆွေးနွေး သင်ကြားပို့ချခဲ့ကြကြောင်းသိရသည်။


ဝင်းမင်းစိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment