Pages

Pages

ပေါင်မြို့နယ်၌ မြို့သန့်ရှင်းသာယာလှပရေး အပတ်စဉ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်





MNP ၊  ဩဂုတ်  ၁၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မြို့သန့်ရှင်းသာယာ‌ရေးအတွက် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းကာ အပတ်စဉ် သန့်ရှင်းရေးများ ပူးပေါင်း  ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇)နာရီက    ကဒါရပ်ကွက် မြို့သစ် (၁၂) လမ်း၊သာသနာ့ဓဇ မွန်ကျောင်းတွင်  ကျောင်းဝင်းအတွင်းအပြင် လမ်းဘေးတစ် လျှောက်ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်‌စေရေးအတွက်  စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။


စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင်  ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုကူညီရေး ပရဟိတအဖွဲ့ဝင်များတို့ စုပေါင်းကာ ပတ်၀န်းကျင်စိမ်းလန်းစိုပြေရေး၊ ရေစီးရေလာကောင်း‌မွန်စေရေးတို့အတွက်     ကဒါရပ်ကွက်၊ မြို့သစ် (၁၂) လမ်း၊သာသနာ့ဓဇ မွန်ကျောင်းတွင်  ကျောင်းဝင်းအတွင်းအပြင်လမ်းတလျှောက်၊လက်ဝဲ လက်ယာ ရေနုတ်မြောင်းတလျှောက် အမှိုက်သရိုက်များအား ဆယ်ယူခြင်းနှင့် ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ လမ်းတလျှောက် ခြုံနွယ်များရှင်းခြင်း၊ သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းစသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို  တစ်ပျော်တစ်ပါး ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။


ပေါင်မြို့နယ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံလမ်းညွှန်မှုဖြင့် မြို့သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးတို့အတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းများကို အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိပြီး မြို့တွင်းလမ်းများ၊ ရေနုတ်မြောင်းများ၊ စာသင်ကျောင်း၊ ဆေးရုံ စသည့် အများပြည်သူအသုံးပြုရာ နေရာများကို ဦးစားပေးကာ လိုက်လံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost





No comments:

Post a Comment