Pages

Pages

ရုရှားနိုင်ငံက ဗြိတိန်နိုင်ငံသား ၅၄ ဦးကို ပြည်ဝင်ခွင့် ပိတ်ပင်



မော်စကို၊ ဩဂုတ် ၁၉

ဗြိတိန်နိုင်ငံသား ၅၄ ဦးကို ပိတ်ဆို့အရေးယူပြီး ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၁၈ ရက် ကြေညာချက်တွင် ဖော်ပြထားသည်။

ဗြိတိန်နိုင်ငံ၏ ရုရှားဆန့်ကျင်ရေးမူဝါဒနှင့် ရုရှားနိုင်ငံသားများ ၊ ရုရှား၌ စီးပွားရေးရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်သူများအား တစ်ဖက်သတ် ပိတ်ဆို့ အရေးယူခြင်းအပေါ် တုံ့ပြန်သည့် အနေဖြင့် ဗြိတိန် အစိုးရအဖွဲ့အစည်းများ၊ ဌာနများ၊ ဥပဒေနှင့် သတင်းမီဒီယာနယ်ပယ်များရှိ လူပုဂ္ဂိုလ် ၅၄ ဦးကို ပြည်ဝင်ခွင့်ပိတ်ပင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။ 


Ref - (Xinhua)

#MyanmarNationalPost

No comments:

Post a Comment