Pages

Pages

ညောင်ဦးမြို့နယ် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ်အောက် ဆက်လက်ကျဆင်း



MNP ၊  ဩဂုတ်  ၂၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယမန်နေ့မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အောက် ကျဆင်းလျက်ရှိကြောင်း သိရသည်။


ညောင်ဦးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာ အောက်သာရောက်ရှိနေသေးပြီး ၂၁၂၀ စင်တီမီတာရောက်ရှိရန်  ၁၇ စင်တီမီတာ၊ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ၂၁၀၃ စင်တီမီတာ ဖြစ်သည့်အတွက် ၅ စင်တီမီတာ ပြန်လည်ကျဆင်းသွားကြောင်း ညောင်ဦးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရှိရသည်။


ဧရာဝတီမြို့ မြစ်ရေအခြေအနေများနှင့်ပတ်သက်၍ ညောင်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  မြို့နယ်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ပူးပေါင်းကာ သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။


ဒီပါလင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment