Pages

Pages

သံတွဲမြို့၌ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ




MNP ၊  ဩဂုတ်  ၂၁

သံတွဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အခြေခံပညာ ကျောင်းပေါင်းစုံ အလယ်တန်း၊ အထက်တန်းအဆင့် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက သံတွဲမြို့မအားကစားကွင်း၌ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးဇော်မျိုးနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်.။ ထို့နောက် စစ်ကြောင်းမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာဓိဌာန်(၄)ချက်ရွတ်ဆိုကြပြီး ချီတက်အလေးပြုကာ ကွင်းအတွင်းမှပြန်လည်ထွက်ခွါ ခဲ့ကြသည်။


အဆိုပါပြိုင်ပွဲကို ဩဂုတ်(၂၀)ရက်နေ့မှ စက်တင်ဘာ (၁၃)ရက်နေ့အထိ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ပြီး  သံတွဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသင်း(၁၃)သင်း ဝင်ရောက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။ ပထမ ပွဲစဉ်အဖြစ် အထက(ရွှေလှေ)အသင်း နှင့် အထက(ခွဲ)လင်းသာအသင်းတို့ယှဉ်ပြိုင်ကစားကြရာ အထက(ရွှေလှေ)အသင်း က ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသွားကြောင်းသိရှိရသည်။


သန့်ဇင် 

https://t.me/MyanmarNationalPost




No comments:

Post a Comment