Pages

Pages

ကျိုက်ထိုမြို့နယ်တွင် စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာ ရောင်းချလျက်ရှိ





MNP ၊  ဩဂုတ်  ၁၈

     မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ကိုယ်တိုင် ကိုယ်ကျ စိုက်ပျိုးမွေးမြူ ထုတ်လုပ် ဖြန့်ဖြူးသူများက သက်သာသော ဈေးနှုန်းများဖြင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဩဂုတ်လ ၁၈ရက်နေ့ နံနက် ၇နာရီ က မြို့မဈေးဝင်းအတွင်းရှိ (အခွန်လွတ် ဈေး)တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။


      ယင်းသို့ ရောင်းချရာတွင် အခြေခံစား သောက်ကုန်ပစ္စည်းများဖြစ်သည့်အမဲသားတစ်ပိဿာ(၁၃၀၀၀)ကျပ်၊ဝက်သား

တစ်ပိဿာ(၁၄၅၀၀)ကျပ်၊ ဧည့်မထဆန်(၁)ပြည်(၃၀၀၀)ကျပ်၊စားအုန်းဆီတစ်ပိဿာ(၉၀၀၀)ကျပ်၊ကြက်ဥ(၁)လုံး (၂၅၀)ကျပ် ၊ငါးတန်တစ်ပိဿာ(၅၀၀၀)ကျပ်၊ငါးမြစ်ချင်းတစ်ပိဿာ(၅၅၀၀)ကျပ်၊ငါးမုတ်တစ်ပိဿာ (၅၅၀၀)ကျပ် စသည့်စားကုန်ပစ္စည်းများအားစျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများမှစနစ်တကျ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။



 ဝင်းမောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment