Pages

Pages

တပ်ကုန်းမြို့နယ်တွင် မြို့နယ်ဗွီဒီယိုအခြေခံအဖွဲ့ ပြန်လည်ရွေးချယ်ဖွဲ့စည်း




MNP ၊  ဩဂုတ်  ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မြို့နယ်ဗွီဒီယိုအခြေခံအဖွဲ့ ပြန်လည်ရွေးချယ်ဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။


အဆိုပါအဖွဲ့ရွေးချယ်ဖွဲ့စည်းရာတွင် မြို့နယ်ဗွီဒီယိုစိစစ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂) ဒေါက်တာခင်မောင်ထွန်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်တို့က မြို့နယ်ဗွီဒီယိုအခြေခံအဖွဲ့ပြန်လည်ရွေးချယ်ဖွဲ့စည်းခြင်းဆိုင်ရာများ ရှင်းလင်းပြောကြားခဲ့ပြီးနောက်  မြို့နယ်အဆင့်ကိုယ်စားလှယ် ၅ ဦး၊ ခရိုင် ကိုယ်စားလှယ် ၂ ဦး၊ တိုင်းအဆင့် ကိုယ်စားလှယ် ၂ ဦး ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။


တင်စိုးလွင်

https://t.me/MyanmarNationalPost




No comments:

Post a Comment