Pages

Pages

ရွှေပြည်သာမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ



MNP ၊  ဩဂုတ်  ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉)နာရီက အမှတ် (၆)လုံခြုံရေးရဲတပ်ဖွဲ့ခွဲခန်းမ၌ ကျင်းပသည်။


အသိပညာပေးဟောပြောပွဲတွင်ရွှေ ပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးက အဖွင့်အမှာစကားပြောကြားပြီး ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စာရေးဆရာဝင်နွယ်(ပုသိမ်)က စာဖတ်ခြင်း၏အကျိုးကျေးဇူးများအား အသိပညာပေးဟောပြောခဲ့သည်။


ထို့နောက် အမှတ်(၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ဌာနချုပ်တပ်ခွဲမှူးရဲမှူး သန့်ဇင်ဦးမှ ကျေးဇူးတင်စကားပြောကြားကာ တက်ရောက်လာကြသော ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသောအသိပညာပေး စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များအား စိတ်ဝင်တစားလှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။


နေမျိုးထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment