Pages

Pages

ဂွမြို့နယ်တွင် ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန် သတင်းရေးသား ထုတ်ပြန်ခြင်း သင်တန်းဖွင့်လှစ်



MNP ၊  ဩဂုတ်  ၂၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည်များ မြင့်မားစေရန်ရည်ရွယ်၍   သတင်းရေးသား ထုတ်ပြန်ခြင်း သင်တန်း သင်ခန်းစာ မှတ်စုပါ သတင်းရေးသားခြင်း အကြောင်းအား ပို့ချသည့် သင်တန်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  Community Centre ခန်းမတွင်  ယနေ့ နံနက်(၁၀) နာရီက ဖွင့်လှစ် သင်ကြားပေးခဲ့သည်။


အဆိုပါသင်တန်းတွင် သတင်း၏ သတင်း အခြေခံဖွဲ့စည်းတည်ဆောက်ပုံ၊ အချက်အလက်စုဆောင်းခြင်း၊ သတင်းရေးသားခြင်း စသည့် အကြောင်းအရာများကို ဝန်ထမ်း(၄)ဦးအား  စာတွေ့၊လက်တွေ့ သင်ကြားပေးခဲ့ကြောင်းနှင့် နေ့စဉ်နံနက်(၁၀)နာရီမှ (၁၁)နာရီအထိ (၃)ရက်တာ သင်ကြားပေးသွားမည် ဖြစ်ကြောင်းသိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment