Pages

Pages

ပုဏ္ဏားကျွန်းမြို့နယ်၊ အထက(ခွဲ) ကျောက်ဆိပ်တွင် စားသုံးကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲကျင်းပ






MNP ၊  ဩဂုတ်  ၂၃

 ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပုဏ္ဏားကျွန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက စားသုံးသူများ လုံခြုံစိတ်ချမှုရှိစေရေးအတွက် စားသုံးသူကာကွယ် ရေးအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့၊ နေ့လယ်(၁)နာရီက အဆိုပါ ကျောင်းခန်းမဆောင်၌ ကျင်းပခဲ့ကြောင်းသိရသည်။ 


အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ် ဆရာကြီး ဦးမောင်မောင်ချေ တက်ရောက်အမှာ စကားပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလှမောင်အေးက စားသုံးသူများ ဘေးကင်းလုံခြုံစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရည်မှန်းချက်တာဝန်(၄)ရပ်ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့်စားသုံးရန်သင့်/မသင့် ကုန်အညွှန်းအမှတ်သားများနှင့်ပတ်သက် ၍ အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။


 ထိုနောက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ကျောင်းဝင်းအတွင်း ရောင်းချလျက်ရှိသော မုန့်ဈေးတန်းများအား လှည့်လည့်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး၊ ကျောင်းသား/သူ များအတွက်  ဘောပန်များ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment