Pages

Pages

သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှကာကွယ်ပေးမှု ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း)အား လတ်တလော ပြဋ္ဌာန်းရန် အတည်ပြု


MNP ၊ ဩဂုတ် ၂၃

သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှကာကွယ်ပေးမှု ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း)နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ပြင်ဆင်သည့်ဥပဒေကို လတ်တလော ပြဋ္ဌာန်းသင့်ကြောင်နှင့် ပြင်ဆင်လိုသည့်ပုဒ်မများကို အပြီးသတ် ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာစန်းနှင့် တာဝန်ရှိသူများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)အား အပြီးသတ်စိစစ်လေ့လာဆွေးနွေးကြပြီး လတ်တလောပြဋ္ဌာန်းရန် သင့်၊ မသင့် နှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းရာတွင် သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေတွင် လက်ရှိအခြေအနေများနှင့် လိုက်လျောညီထွေမှုရှိစေရန် လိုအပ်ချက်များကို ဖြည့်စွက်ရန်လိုအပ်ကြောင်းတွေ့ရသဖြင့် ပြင်ဆင်သည့်ဥပဒေကို လတ်တလော ပြဋ္ဌာန်းသင့်ကြောင်နှင့် ပြင်ဆင်လိုသည့်ပုဒ်မများကို အပြီးသတ် ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment