Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်




MNP ၊  ဩဂုတ်  ၂၅

ရခိုင်ပြည်နယ် ၊မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်အဆင့်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ် မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့ နံနက် ၁၁ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦးကအမှာစကားပြောကြားပြီး ခရိုင်အဆင့်စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေး ကြီးကြပ်မှုကော်မတီ တာဝန်ရှိသူများက မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် ကျေးရွာများရှိ လယ်ယာမြေများတွင် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ထားသော မိုးစပါးများ စိုက်ပျိုးထားရှိမှု ၊ ကျေးရွာ များ အလိုက် လယ်ယာမြေများ ထွန်ယက်ပြီးစီးမှု ၊ လယ်ယာမြေများတွင် ဓါတ်မြေဩဇာများ ကြဲပက်ဆောင်ရွက်ထားရှိမှု အခြေ အနေ များ၊   သတ်မှတ်ထားသော လျာထားစိုက်ဧက ပြည့်မှီနိုင်ရေး  ဆောင်ရွက်နေမှုအခြေအနေများ နှင့် မောင်တောခရိုင် အ တွင်း  ဒေသတွင် ငါးဖူလုံစွာ စားသုံးနိုင်ရေး  ၊ ငါးသယံဇာတ တိုးပွားနိုင်ရေးအတွက်  ငါးလွှတ်ပွဲများ ဆောင်ရွက်မည့် အ ခြေ အနေများအား တင်ပြ ဆွေးနွေး ခဲ့ကြရာ လိုအပ်သည် များအား ခရိုင်စီမံ အုပ်ချုပ် ရေးအဖွဲ့ ဉက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။


သက်လွင်စိုး ၊ အောင်ကျော်စိန် 

https://t.me/MyanmarNationalPost




No comments:

Post a Comment