Pages

Pages

ဂွမြို့နယ်၌ "နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်




MNP ၊  ဩဂုတ်  ၂၅

 ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့၊ မွန်းတည့်(၁၂)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြသည်။


ဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က  "ပြည်သူဗဟိုပြု နိုင်ငံ့ဝန်ထမ်းများဖြစ်လာစေရန် အလေးထားဆောင်ရွက်ရမည့် အချက်များ၊ ရှောင်ကြဥ်ရမည့်အချက်များ၊ လေ့လာဆည်းပူးမှတ်သားရမည့် အချက်များအား သိရှိနိုင်စေရန် ရည်ရွယ်၍ ဝန်ထမ်းများနှင့် စာဖတ်ဝိုင်း ဆွေးနွေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က နိုင်ငံ့ဝန်ထမ်းများ ထားရှိရမည့် စံတန်ဖိုးသတ်မှတ်ချက်များထဲမှ အခန်း(၃)ရှိ  ပြည်သူဗဟိုပြု နိုင်ငံ့ဝန်ထမ်းများဖြစ်လာစေရန် ကတိကဝတ်ပြုခြင်းအား လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးခိုင်မိုးမင်းက အခန်း(၄)ရှိ လုပ်ငန်းတာဝန်များကို ဇွဲ၊လုံ့လ၊ ဝီရိယဖြင့် တိကျမှန်ကန်မြန်ဆန်ထိရောက်စွာ ဆောင်ရွက်ခြင်းအား လည်းကောင်း၊ လုပ်သားရုပ်သံ ဒေါ်ခင်မို့မို့ကျော်က  အခန်း(၅)ရှိ ဆန်းသစ်တီထွင်နိုင်မှုနှင့် ယှဥ်ပြိုင်နိုင်မှုစွမ်းရည်ရှိခြင်းအား လည်းကောင်း၊ ရုံးအကူ ဒေါ်မေမြတ်ချိုနှင့် ယာယီနေ့စား ဒေါ်မျိုးမီမီသက်တို့က အခန်း(၆)ရှိ ရိုးသားဖြောင့်မတ်ခြင်း၊ ဂုဏ်သိက္ခာရှိခြင်းနှင့် ယုံကြည်ထိုက်ခြင်း အကြောင်းအရာများကို လည်းကောင်း တစ်ဦးချင်း ဖတ်ကြားဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများမှ သိရှိလိုသည်များကို ဦးစီးအရာရှိက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ဝန်ထမ်းများ စာဖတ်ဝိုင်းကို တစ်လလျှင် နှစ်ကြိမ် ပြုလုပ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment