Pages

Pages

မြောက်ဦးမြို့ ၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး လက်ကမ်းစာ စောင် များ အခမဲ့ဖြန့်ဝေ



MNP ၊  ဩဂုတ်  ၂၂

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး လက် ကမ်း စာ စောင်များဖြန့်ဝေပေးခြင်းများကို ကျောက်ရာဇ်ကေရပ်ကွက် ၊အ.မ.က(မူလွန်)  ကျောင်းနှင့် ဈေးရောင်းချသူပြည်သူများအား  ယနေ့ နံနက် ၁၀ နာရီကအချိန်က အခမဲ့ဖြန့်ဝေ ခဲ့ကြောင်း သိရသည်။


ထိုသို့  လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနိုင်လင်းထွန်း နှင့် ဝန်းထမ်းများသည်  ဒီရေတော ထိန်းသိမ်းကာကွယ်စိုက်ပျိုးရေး၊ ဒီရေတော ကြောင့် ရရှိသောအကျိုးကျေးဇူး၊ ဘူသားမျိုးနွယ်စုသို့ ဆင့်ကဲထိခိုက်နိုင်ခြင်း မှသည် ဆိုးရွား စွာ သော ကျန်းမာရေး ထိခိုက်မှုများ ဆီသို့ ဦးတည်ခြင်း၊ ပလက်စတစ်အပါအဝင် စွန့်ပစ် အမှိုက် များ ဆွေးမြေပျက်စီးရန်ကြာမြင့်နိုင်သည့်သက်တမ်းများ၊ လူတိုင်းတတ်နိုင်တဲ့နည်းလမ်း (၅) သွယ်၊ မြို့ ပြဧရိယာများမှ ပလက်စတစ်စွန့်ပစ်ပစ္စည်းများ၊ စွန့်ပစ်ပလစ်စတစ်ပစ္စည်းများကြောင့် ထိခိုက် နိုင်မှု၊ စွန့်ပစ်ပလတ်စတစ်ပစ္စည်းများအား ပင်လယ်သက်ရှိများမှ အစာအဖြစ် လွဲမှားစွာစားသုံး မှုကြောင့် သက်ရောက်နိုင်မှုများ စသော လက်ကမ်းစာစောင်တွင် ပါရှိသည့်အကြောင်းအရာ များ ကို ကျောင်းသား၊ ကျောင်းသူများ သိရှိစေရန်အတွက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


မြင့်စိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment