Pages

Pages

ရမ်းဗြဲမြို့၌ အသက် (၆)လမှ (၅)နှစ်အရွယ် ကလေးများအား ဗီတာမင်(A)နှင့် သံချဆေးများ တိုက်ကျွေးပေး





MNP ၊  ဩဂုတ်  ၁၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်တွင်   အသက်(၆)လမှ (၅)နှစ်အထိ ကလေးများအား အာဟာရရက်သတ္တပတ်အနေဖြင့် ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းက မိခင်နှင့်ကလေး ကျန်းမာရေးဌာန(MCH)တွင် ကျန်းမာရေးဝန်ထမ်းများက တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။ 


 ထိုသို့ တိုက်ကျွေးပေးရာတွင်  ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ရမ်းဗြဲမြို့ပေါ်ရပ်ကွက်များရှိ (၆)လမှ (၅)နှစ်ထိကလေးငယ်များအား ကိုယ်အလေးချိန်ပေးခြင်း၊ အရပ်အမောင်းတိုင်းပေးခြင်း၊ လက်မောင်းပတ်များတိုင်းပေးခြင်း၊ ဗီတာမင်(A)နှင့် သံချဆေးများ တိုက်ကျွေးပေးခဲ့ကြောင်း သိရှိရသည်။                    


  အောင်တင်ကြည်

https://t.me/MyanmarNationalPost




No comments:

Post a Comment