Pages

Pages

၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါး ဧက(၁၀၀) တစ်ဧက တင်း(၁၀၀) ထွက်ရှိရေးဆောင်ရွက်သည့် တောင်သူများအား မြေသြဇာပေးအပ်ပွဲ ကျင်းပ




MNP ၊  ဩဂုတ်  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးဧက (၁၀၀)တွင် တစ်ဧကတင်း(၁၀၀) ထွက်ရှိရေးဆောင်ရွက်သည့် တောင်သူများ အားမြေသြဇာပေးအပ်ပွဲကို ယနေ့နံနက်က မြန်အောင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းဝေး ခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးမြင့်အောင်တို့က တိုင်းဒေသကြီး အစိုးရထောက်ပံ့သော မိုးစပါးဧက(၁၀၀)၊ တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး ဆောင်ရွက်သည့် တောင်သူများအား မြေသြဇာပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ကြသည်။


ဆက်လက်၍ မိုးစပါးဧက(၁၀၀)တွင် တစ်ဧကတင်း (၁၀၀) ထွက်ရှိရေး ဆောင်ရွက်သည့် တောင်သူများအား မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးမြင့်အောင်နှင့် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းတို့က တောင်သူ (၂၉)ဦးတို့၏ ဧက(၁၀၀)အတွက် ယူရီးယား ဓါတ်မြေသြဇာ အိတ်(၁၀၀) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ဝင်းဗိုလ် 

https://t.me/MyanmarNationalPost




No comments:

Post a Comment