Pages

Pages

ပေါက်တောမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း (မြို့မ)၌ လူငယ်ရေးရာ အသိပညာပေး ဟောပြော





MNP ၊  ဩဂုတ်  ၂၁

 ရခိုပြည်နယ်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယ​နေ့နံနက်ပိုင်းတွင် ပေါက်တောမြို့ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)ရှိ စုပေါင်းခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိ​သောင်း က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန် က စာဖတ်ခြင်း၏အကျိုးကျေးဇူး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက လူငယ်နှင့်စည်းကမ်းခေါင်းစဥ်ဖြင့်လည်းကောင်း အသိပညာပေး ဆွေးနွေးဟောပြောပြီး ကျောင်းသား ေကျာင်းသူများက သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးသည်။


ယင်းနောက် တက်ရောက်လာကြသည့် ဆရာ ဆရာမများ နှင့် ကျောင်းသား ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် မူးယစ်ဆေးဝါးအသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားများပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင် နှင့် လူကုန်ကူးမှု အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။


ဝင်းမင်းစိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment