Pages

Pages

သထုံမြို့၊ မြသပိတ်တောင်ခြေရှိ သဒ္ဓမဇောတိကာရာမကျောင်းတိုက်၌ ဝါဆိုသင်္ကန်းနှင့် စာရေးတံမဲ စုပေါင်းလောင်းလှပွဲ ကျင်းပ



MNP ၊  ဩဂုတ်  ၁၈

မွန်ပြည်နယ်၊ သထုံမြို့၊ မြသပိတ်တောင်ခြေရှိ သဒ္ဓမဇောတိကာရာမကျောင်းတိုက်၏ ကာလဒါနစာရေးတံမဲလောင်းလှူခြင်းနှင့် ဝါဆိုသင်္ကန်းစုပေါင်းဆက်ကပ်လှူဒါန်းခြင်းကို ဩဂုတ်လ ၁၆ ရက်နေ့ နံနက်က အဆိုပါကျောင်းတိုက်ရှိ ဘောဇနသုခဓမ္မသာလာကျောင်းဆောင်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး သထုံမြို့၊ သဒ္ဓမ္မဇောတိကာရာမကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ပိဋကတ္တရပါရဂူ ဘဒ္ဒန္တသုမနာဘိဝံသထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။


ယင်းနောက် အလှူရှင်များက သံဃာတော်အရှင်သူမြတ်တို့ထံ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်၀တ္ထုများဆက်ကပ်လှူဒါန်းပြီး စာသင်စာချဆရာတော်သံဃာတော်များအပါး(၂၀)တို့အား‌ ငွေကျပ်စုစုပေါင်း(၃၆)သိန်းကျော်တန်ဖိုးရှိ စာရေးတံမဲများကို ဖွင့်ဖောက်လောင်းလှူခဲ့ကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေး၀ေခဲ့ကြ‌ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment