Pages

Pages

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်သစ်အဖြစ် ဟွန်မန်နက်အား လွှတ်တော်တွင် မဲခွဲ၍ အတည်ပြု


MNP ၊ ဩဂုတ် ၂၃

ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) က ဇူလိုင် ၂၃ ရက် ရွေးကောက်ပွဲ၌ အပြတ်အသတ်အနိုင်ရပြီးနောက် ဟွန်မန်နက် (Hun Manet) အား ငါးနှစ်တာ တာဝန်ထမ်းဆောင်မည့် ဝန်ကြီးချုပ်သစ်အဖြစ် အောက်လွှတ်တော်က ဩဂုတ် ၂၂ ရက်၌ အတည်ပြုခဲ့ကြောင်း နိုင်ငံပိုင် TVK သတင်းဌာနအရ သိရသည်။

ဟွန်မန်နက်အား ဝန်ကြီးချုပ်သစ်အဖြစ် အစည်းအဝေးတက်ရောက်လာသူ လွှတ်တော်အမတ် ၁၂၃ ဦးက တစ်ညီတစ်ညွတ်တည်း ထောက်ခံမဲပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံ အောက်လွှတ်တော်က ဟွန်မန်နက်၏ အစိုးရအဖွဲ့သစ် အဖွဲ့ဝင်များကိုလည်း ၂၀၂၃-၂၀၂၈ သက်တမ်းအတွက် အတည်ပြုခဲ့ကြောင်း သိရသည်။

အသက် ၄၅ နှစ်အရွယ် ဟွန်မန်နက်သည် ရာထူးမှနုတ်ထွက်သွားခဲ့သော၊ နှစ်ပေါင်း ၃၈ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သော ၎င်း၏ဖခင် အသက် ၇၁ နှစ်အရွယ် ဆမ်ဒက် တက်ခ်ချိုဟွန်ဆန်၏ နေရာ၌ ဆက်ခံခြင်းဖြစ်သည်။ 


Ref - (Xinhua)

#MyanmarNationalPost

No comments:

Post a Comment