Pages

Pages

ကျောက်ဆည်မြို့နယ်တွင် ကြက်သွန်နီသီးနှံတစ်ပိဿာငွေကျပ်(၁၅၀၀)ရောင်းချရသဖြင့် ကြက်သွန်နီလက်ဝယ်ရှိတောင်သူများ အဆင်ပြေလျက်ရှိ




MNP ၊  ဩဂုတ်  ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆည်၊ မြောင်း၊ ချောင်း၊ ကန် ပေါများသဖြင့် တောင်သူများအနေဖြင့် ဆန်စပါးကို အဓိကထား စိုက်ပျိုးပြီး ကြက်သွန်၊ ငရုပ်၊ နှမ်း၊ ငှက်ပျော စသည့်သီးနှံများ တွဲဖက်စိုက်ပျိုးကြကြောင်းနှင့် ကြက်သွန်နီသီးနှံတစ်ပိဿာ(၁၅၀၀)ကျပ် ရောင်းချရသဖြင့် ကြက်သွန်နီလက်ဝယ်ရှိတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။


ကြက်သွန်နီသီးနှံစိုက်ပျိုးရာတွင် ပျိုးပင်စိုက်ခြင်း၊ မျိုးဥစိုက်ပျိုးခြင်းဟူ၍ နှစ်မျိုးရှိပြီး မျိုးဥစိုက်ပျိုးခြင်းသည် တူးဖော်ပြီးပါက လှောင်ထား၍မရ သည့်အတွက် တူးဖော်ပြီးပါက ချက်ချင်းရောင်းချရကြောင်း ပျိုးပင်စိုက်ပျိုးခြင်းသည် အထားခံသည့်အတွက် တူးဖော်ပြီး ကြိုက်ဈေးရသည်အထိ သိုလှောင်၍ ထားနိုင်ကြောင်းနှင့် ကြက်သွန်နီဈေးနှုန်း တစ်ပိဿာငွေကျပ်(၁၈၀၀)ဖြင့် ရောင်းချရသည့်အတွက် ကြက်သွန်နီလှောင်ထားပြီး ရောင်းချနိုင်သည့် တောင်သူများအဆင်ပြေလျက်ရှိကြောင်း သိရသည်။


ကြက်သွန်တစ်ဧကစိုက်ပျိုးမည်ဆိုပါက ငွေကျပ်(၉)သိန်းနီးပါးကုန်ကျကြောင်း ထွက်နှုန်းအနေဖြင့် တစ်ဧကပိဿာ(၃၀၀၀)နှင့်(၃၅၀၀)အကြား ထွက်ရှိကြောင်း တောင်လွှဲကျေးရွာမှ ကြက်သွန်စိုက် တောင်သူဦးကျော်အောင်မှ ပြောပြသိရှိရသည်။


သက်မောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment