Pages

Pages

နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ အကယ်ဒမီဝိပဿနာ ဓမ္မရိပ်သာတွင် မဟာသတိပဋ္ဌာန် မိုးကုတ်ဝိပဿနာ(၅)ရက် တရားစခန်းဖွင့်လှစ်သွားမည်



MNP ၊  ဩဂုတ်  ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ အကယ်ဒမီ ဝိပဿနာဓမ္မရိပ်သာတွင် မဟာသတိပဋ္ဌာန် မိုးကုတ်ဝိပဿနာ(၅)ရက် တရားစခန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သဖန်းကိုင်းပရဟိတ ဆရာတော်ထံမှ သိရသည်။


တရာစခန်းဝင်ရောက်မည့် ယောဂီများမှတရားစခန်းသို့ ၉-၆-၂၀၂၃ ရက်နေ့တွင် ကြွရောက်ရမည်ဖြစ်ပြီး တရားစခန်းအား(၇-၉-၂၀၂၃) မှ (၁၁-၉-၂၀၂၃) ထိ (၅)ရက်ဖွင့်လှစ် ဟောကြားပြသသွားမည်ဖြစ်ကြောင်း၊ တရားစခန်းပိတ်ပွဲအား ၁၂-၉-၂၀၂၃ ရက်နေ့တွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါတရားစခန်းကို သဖန်းကိုင်းပရဟိတ အကယ်ဒမီ ဝိပဿနာဓမ္မရိပ်သာတွင်ဖွင့်လှစ်ပြီး မိုးကုတ်ကမ္မဋ္ဌာနစရိယဆရာတော်များ ကြွရောက်တော်မူ၍ ဝိပဿနာအလုပ်ပေးတရားတော်များ ဟောကြားပြသသွားမည်ဖြစ်ကြောင်း၊ ဝိပဿနာတရားတော်များ ကျင့်ကြံအားထုတ်လိုသော ရဟန်း၊ ရှင်လူ၊ ယောဂီအပေါင်းတို့မှ တရားစခန်းသို့ ဝင်ရောက်နိုင်ကြောင်း၊ တရားစခန်းသို့ လှူဒါန်းလိုသော အလှူရှင်များမှ ကုသိုလ်ပါရမီ ဖြည့်ဆည်းလှူဒါန်းနိုင်ကြောင်း သဖန်းကိုင်းပရဟိတဆရာတော်ထံမှ သိရသည်။


ထွေးငယ်

https://t.me/MyanmarNationalPost




No comments:

Post a Comment