Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့၌ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း








MNP ၊  ဩဂုတ်  ၂၂

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်  အဆိုပါကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ဆရာတော်သံဃာတော်များ၊ ခရိုင်ပညာရေးမှူး ဦးချစ်သိန်း ၊ အမှတ်(၂)အခြေခံပညာ အထက် တန်း ကျောင်းအုပ်ဆရာကြီး ဦးမောင်ခင်ဝင်း နှင့် ဆရာ ၊ဆရာမများ ၊ ဧည့်ပရိတ်သတ်များ ၊ကျောင်းသား၊ ကျောင်းသူများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး အလိုတော်ပြည့်ဆရာတော်ဘုရားထံမှ ငါးပါးသီလခံယူဆောင် တည် ကြ သည်။ ဆက်လက်၍ ဆရာတော် သံဃာ တော် အရှင်သူမြတ်များက မေတ္တသုတ် အစရှိသော ပရိတ်တရားတော် များ ရွတ် ပွား ချီး မြှင့် တော် မူကြပြီး ခရိုင်ပညာရေးမှူး ဦးချစ်သိန်း ၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာကြီး ဦးမောင်ခင်ဝင်း နှင့် ဆရာ ၊ဆရာမများ ဧည့်ပရိတ်သတ် များ ၊ကျောင်းသား ၊ကျောင်းသူများက ဆရာတော် သံဃာ တော် အရှင်သူမြတ်များအား  ဝါဆိုသင်္ကန်း ၊ နဝကမ္မ နှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ 


ထို့နောက်  အလို တော် ပြည့်ဆရာတော်ဘုရားထံမှ အနုမော ဒနာ တရားနာယူကာ လှူဒါန်းမှု အစုစုအတွက် ရေစက် သွန်းချ အမျှပေး ဝေ ခဲ့ကြသည်။


ယင်းနောက် အခမ်းအနားကို ဗုဒ္ဓသာ သနံစိရံတိဠတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်း ကြပြီး ရွှေမိုးငွေမိုးရွာသွန်းဖြိုးကာ ဆရာတော် ၊ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်း ခဲ့ကြ ကြောင်းသိရသည်။ 


သက်လွင်စိုး 

https://t.me/MyanmarNationalPost




No comments:

Post a Comment