Pages

Pages

ရသေ့တောင်မှ စစ်တွေမြို့နှင့် ဘူးသီးတောင်မြို့များသို့ ထွက်ခွာမည့် ရွှေပြည်တန် အမြန်ရေယာဉ်များအားအန္တရာယ်ကင်းရှင်းစေရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ ကွင်းဆင်းစစ်ဆေး






MNP ၊  ဩဂုတ်  ၁၈

ရခိုင်ပြည်နယ် ရသေ့တောင်မြို့မှ စစ်တွေမြို့နှင့်ဘူးသီး‌တောင်မြို့သို့ ခရီးသည်များ ပို့ဆောင်သည့် ရွှေပြည်တန်အမြန်ရေယာဥ်ဖြင့် ခရီးသွားလာကြသည့် ပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးအတွက်ရွှေပြည်တန်အမြန်ရေယာဥ်များအားကြံ့ခိုင်မှုအပါအဝင်စည်းကမ်းချက်များ ညီညွတ်မှု ရှိ၊မရှိ ကိုရသေ့တောင်မြို့နယ် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှကွင်းဆင်းစစ်ဆေးကြသည်။


 ရသေ့တောင်မြို့မှ စစ်တွေမြို့နှင့်ဘူးသီတောင်မြို့များသို့ပို့ဆောင်သည့် ရွှေပြည်တန်အမြန်ရေယာဥ်၏ ကြံ့ခိုင်မှုအခြေအနေနှင့် ရေယာဥ်ပေါ်တွင် သတ်မှတ်ခရီးသည် ဦးရေးနှင့်အညီ အသက်ကယ်အကင်္ျီများ လုံးလောက်စွာပါဝင်ခြင်း ရှိ၊မရှိမီးဘေးလုံခြုံရေးအသိသတိရှိစေရေး   Life Jacket ၀တ်ဆင်အသုံးပြုတတ်စေ‌ရေး ၀န်ပိုတင်ဆောင်မှုမရှိစေရေး လျှပ်စစ်ဝါယာကြိုးများ စနစ်တကျသွယ်တန်းမှုရှိစေရေးနှင့် ခရီးသွားပြည်သူများ ဘေးကင်းလုံခြုံမှူရှိစေရေးအတွက် အကြံပြုစစ်ဆေးခြင်းကိုဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့ကစစ်ဆေးခဲ့ကြ‌ကြောင်းသိရှိရသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost






No comments:

Post a Comment