Pages

Pages

ဒက္ခိဏရာမဘုရားကြီးကျောင်းတိုက် ဆရာတော်ကြီးထံသို့ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး လာရောက်ဖူးမြော် ကြည်ညို




MNP ၊  ဩဂုတ်  ၂၂

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ၈၁ လမ်းရှိ ဒက္ခိဏရာမဘုရားကြီးကျောင်းတိုက်၊ ဆင်မင်းကျောင်းသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လူမှုရေးဝန်ကြီး ဦးအောင်မင်း၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ၁၅:၀၀ နာရီ အချိန်ခန့်က ရောက်ရှိခဲ့‌ကြောင်း သတင်းရသည်။


ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏရာမဘုရားကြီးကျောင်းတိုက် တိုက်အုပ်ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တသြဘာသာဘိဝံသအား ဖူးမြော်၍ လှူဖွယ်ပစ္စည်းခြင်းနှင့် နဝကမ္မ အလှူငွေ (၃)သိန်းကျပ် ဆက်ကပ်လှူဒါန်းခဲ့သည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဓမ္မိကာရာမကျောင်းတိုက်၊ မိတ္ထိလာကျောင်း ဆရာတော် နိုင်ငံတော် ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သုဇနပီယအား ဖူးမျှော်ကာ လှူဖွယ် ပစ္စည်းများနှင့် အလှူငွေ (၃)သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။


ကျော်စွာ

https://t.me/MyanmarNationalPost




No comments:

Post a Comment