Pages

Pages

ရွှေတောင်မြို့နယ်တွင် အသက် (၂၅)နှစ် အောက် အမျိုးသားအမျိုးသမီး လက်ဝှေ့အားကစားပြိုင်ပွဲ အတွက် လေ့ကျင့်ရေးများ ဆောင်ရွက်





MNP ၊  ဩဂုတ်  ၂၉

‌ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင် ဆောင်ရွက်ရေး အနေဖြင့် မျိုးဆက်သစ် လက်ဝှေ့အားကစားသမားများအား ပုံမှန် လေ့ကျင့်ရေးများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


၂၀၂၃-ခုနှစ်၊ တိုင်းဒေသကြီး/ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲအတွက် ပဲခူးတိုင်းဒေသကြီး (အနောက်) ရှိမြို့နယ်များမှ ကစားသမား (၁၀)ဦးအား ဩဂုတ်လ ၂၅ ရက်နေ့က ပြည်ခရိုင်အားကစားကွင်း၌ လူရွေးချယ်ပွဲကို ကျင်းပခဲ့ရာ ရွှေတောင်မြို့နယ်မှ မောင်ကောင်းမြတ်မွှေး(၅၄)ကီလိုတန်းနှင့် မောင်စိုင်းကိုကိုအောင် (၅၇)ကီလိုတန်း နှစ်ဦးရွေးချယ်ခံရကြောင်း သိရသည်။


အဆိုပါ အားကစားသမားနှစ်ဦးအား ရွှေတောင်မြို့နယ် အားကစားကွင်းတွင် တိုင်းဒေသကြီး ကိုယ်စားပြု ရွေးချယ်ခံနိုင်ရေး နေ့စဉ် ပုံမှန် လေ့ကျင့်ရေးများ ဆက်လက် ဆောင်ရွက်နေကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment