Pages

Pages

မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ လူငယ်စကားဝိုင်း ကျင်းပ


MNP ၊  ဩဂုတ်  ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ကို ယမန်နေ့ နံနက်(၁၀)နာရီက အထကခွဲကျောင်း၊ နီလာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အထကခွဲကျောင်းအုပ် ဆရာမကြီး ဒေါ်ဖြူဖြူဝင်းက အဖွင့်အမှာစကား ပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ဦးဆောင်၍ လူငယ်စကားဝိုင်း ဆွေးနွေးဆောင်ရွက်ကြရာ Grade-10 မှ မောင်အောင်ခန့်နိုင်က “စည်းနှင့်စီးသောကမ်း”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ  မောင်ပိုင်သက်ဆွေက “လူငယ်နဲ့စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ Grade-10 မှ မလှနှင်းဖြူက “သတိပြုဖွယ် အီးစီးကရက်အန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မသိင်္ဂီမိုးလှိုင်က “ချင့်ချိန်စဉ်းစား အမုန်းစကား” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြရာ တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများမှ သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးကြကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က ခေါင်းစဉ်တခုချင်းအလိုက် ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်းနှင့်


အဆိုပါ လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ အထကခွဲကျောင်းအုပ် ဆရာမကြီးနှင့် ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ စုစုပေါင်း(၁၃၀)ဦးခန့်  တက်ရောက်ကြကြောင်း သိရသည်။


နန်းသန္တာဦး

https://t.me/MyanmarNationalPost




No comments:

Post a Comment