Pages

Pages

တန့်ယန်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးလုပ်ငန်းဆောင်ရွက်



MNP ၊  ဩဂုတ်  ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာ အလယ်တန်းကျောင်း၌ ဆောင်ရွက်သည်။


အဆိုပါ ကျောင်းကျန်းမာရေးလုပ်ငန်းများ စစ်ဆေးပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်၊ ဆရာမများက ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေး၊ ပိုးလောက်လမ်း ကာကွယ်နှိမ်နင်းရေး၊ သန့်စင်ခန်းများ ကျန်းမာရေးနှင့် ညီညွတ်စေရေး၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ရေအိုးရေကန်များ စစ်ဆေး၍ အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ပြီး သွားနှင့်ခံတွင်း ဆရာဝန် ဒေါက်တာ စိုးသန်းထိုက်က သွားကျန်းမာရေးအကြောင်း သိကောင်းစရာများကို ဟောပြော၍ KG တန်းအား သွားတိုက်တံအချောင်း (၁၈၀) ကို ဖြန့်ဝေပေးပြီး ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စစ်ဆေးပေးကြရာ အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာနှင့် ဆရာ၊ ဆရာမများက လိုအပ်သည်များ ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။                                         


မင်းလွင်ဦး

https://t.me/MyanmarNationalPost




No comments:

Post a Comment