Pages

Pages

မြောက်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲကျင်းပ



MNP ၊  ဩဂုတ်  ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှ အသိ ပညာပေးဟောပြောခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်က မြောက်ဦးမြို့နယ် မြောင်းဘွေ ကျေးရွာ၌  ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသန်းဌေး မှ "ဓာတုပိုး သတ်ဆေးနှင့်ဓာတ်မြေဩဇာသုံးစွဲမှုကြောင့် ပတ်ဝန်းကျင်အပေါ်အကျိုးသက်ရောက်မှု များ" ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် ဓာတုဓာတ်မြေဩဇာ အလွန်အကျွံ သုံးစွဲခြင်းကြောင့် မြေဆီ လွှာပျက်စီးခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးခြင်း၊ ဓာတုဓာတ်ကြွင်းကျန်ခြင်းနှင့် အ ခြားသောဘေးထွက်ဆိုးကျိုးများကိုလည်းခံစားကြရပြီး၎င်းပြသနာကိုကုစားဖြေရှင်းပေးနိုင်သည့်နည်း လမ်းကောင်းတစ်ခုအနေဖြင့် သဘာဝ မြေဆွေးပြုလုပ်သုံးဆွဲလာစေရန်  စသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြား ခဲ့သည်။


ထို့နောက် အသိပညာဟောပြောပွဲသို့ မြောက်ဦးမြို့နယ် မြောင်းဘွေကျေးရွာမှ ပြည်သူများ တက်ရောက်ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလက်ကမ်းစာ စောင် များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


မြင့်စိုး 

https://t.me/MyanmarNationalPost




No comments:

Post a Comment