Pages

Pages

မအီမြို့ လူထုအခြေပြုဗဟိုဌာန စာကြည့်တိုက် ခန်းမ၌ " နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ " စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်




MNP ၊  ဩဂုတ်  ၂၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မအီမြို့ရုံး ဝန်ထမ်းများက “နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ” စာအုပ်ပါ အကြောင်းအရာများဖြင့်  စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့ နေ့လယ်ပိုင်းက လူထုအခြေ ပြုဗဟိုဌာန၊ စာကြည့်တိုက်ခန်းမ၌ ပြုလုပ်ခဲ့သည်။ 


ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဦးသက်နောင်ထွန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဦးသူရနိုင် အငယ်တန်းစာရေး(အင်အားပြ )က နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ စာအုပ်ပါ အခန်း(၅) လစာသတ်မှတ်ခြင်း ခေါင်းစဉ်မှ ဝန်ထမ်းတစ်ဦး၏ စတင်ခံစားခွင့်ရှိသော ကနဦးလစာနှင့် စပ်လျဉ်း၍ အကြောင်းအရာများကို လည်းကောင်း၊ ဒေါ်လွင်လွင်ပြုံး(ရုပ်သံကျွမ်းကျင်-၃)က ဖော်ပြပါ အခန်း(၅)မှ နှစ်တိုးလစာနှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို အကျယ်တဝင့် ဖတ်ကြားခဲ့ကြသည်။ ဆက်လက်၍ ဦးမောင်မောင်ဌေး(ဓာတ်ပုံကျွမ်းကျင်-၂)က  အဆိုပါ နှစ်တိုးလစာ ရေတွက်ခွင့်ပြုခြင်းများ၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးထံသို့ အဆိုပြုတင်ပြ၍ သဘောတူခွင့်ပြုချက် ရယူဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းဖတ်ကြားခဲ့သည်။ ထို့နောက် အဆိုပါ အချက်အလက်အကြောင်းအရာတို့အား ဝန်ထမ်းအချင်းချင်း အပြန်အလှန်ဆေးနွေးခဲ့ကြကြောင်း သိရသည်။ 


မောင်မောင်ဌေး

https://t.me/MyanmarNationalPost




No comments:

Post a Comment