Pages

Pages

ကျွန်းလှမြို့နယ်၌ နှစ်ရှည်ပင်မျိုးစုံ၂၇၁၉ ဧက စိုက်ပျိုးပြီးစီး



MNP ၊  ဩဂုတ်  ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံများ စိုက်ပျိုးထုတ်လုပ်သည့်အပြင် ယခုနှစ် နှစ်ရှည်ပင်မျိုးစုံ ၂၇၁၉ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


အဆိုပါ နှစ်ရှည်ပင်စိုက်ပျိုးသည့် တောင်သူများအား မျိုးကောင်း၊မျိုးသန့်ရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်ရေး၊ GAP အသိမှတ်ပြုလက်မှတ်ရရှိရေးနှင့် စိုက်ပျိုးရေးနည်းပညာ‌များ အသိပညာပေး လျက်ရှိကြောင်း သိရသည်။


ကျွန်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂‌၄ ခုနှစ်၊ နှစ်ရှည်ပင်စိုက်ပျိုးမှုအနေဖြင့် လျှော်ဖြူ ၅၈၄ ဧက၊ ပရဆေး ၅၈၅ ဧက၊ ကြယ်ပဲ တစ်ဧက၊ ထန်း ၂၀ ဧက၊ အုန်း ၂၃၃ ဧက၊ ငှက်ပျော ၂၀၆ ဧက၊ ကွမ်းသီး ၁၃ ဧက၊ ကွမ်းရွက် ၅၄ ဧက၊ သစ်သီးပင် ၈၈၁ ဧက၊ အခြားမစားသုံးပင် ၁၄၂ ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရ သိရသည်။


မျိုးဝင်းညို 

https://t.me/MyanmarNationalPost




No comments:

Post a Comment