Pages

Pages

သမ္မတ ရှီကျင့်ဖိန် ၁၅ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး တက်ရောက်ရန်နှင့် တောင်အာဖရိကနိုင်ငံသို့ သွားရောက်ရန်ရှိ


ပေကျင်း၊ ဩဂုတ် ၁၈ 

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဩဂုတ် ၂၁ ရက်မှ ၂၄ ရက်အထိ တောင်အာဖရိကနိုင်ငံ ဂျိုဟန်နာဘတ်စ်မြို့တွင် ကျင်းပမည့် ၁၅ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး တက်ရောက်၍ နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ်လည်း သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က ဩဂုတ် ၁၈ ရက်၌ ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်သည် တောင်အာဖရိကနိုင်ငံ၌ ရှိနေစဉ် တရုတ်-အာဖရိက ခေါင်းဆောင်များ ဆွေးနွေးပွဲ၌ တောင်အာဖရိကနိုင်ငံ သမ္မတ ရာမာဖိုဆာနှင့်အတူ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း ဟွာက ဖြည့်စွက်ပြောခဲ့သည်။ 


Ref - (Xinhua)

#MyanmarNationalPost

No comments:

Post a Comment