Pages

Pages

ကျောက်ဖြူခရိုင်(Community Centre)ခန်းမ၌ Book Club အဖွဲ့ဝင်များနှင့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်




MNP ၊  ဩဂုတ်  ၂၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် “အမွေခံတစ်ယောက် အမွေ ပေးသူတစ်ရာ” စာအုပ်ဖြင့် ယနေ့ နံနက်ပိုင်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။


အဆိုပါ စာဖတ်ဝိုင်းတွင် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ   ဦးသိန်းထွန်းအောင်က စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာပေ ဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားလာစေရန်စသည့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်ကိုရှင်းလင်းပြောကြားသည်။ ထို့နောက် Book Club အဖွဲ့ဝင် စာရေးဆရာ မောင်ဆောင်းနှင်းက “ပညာတတ်ဖို့ စာဖတ်ရမည်” စာပိုဒ်ပါ အကြောင်းအရာများထဲမှ ပထမအရွယ်တွင် ပညာရှာ ဆိုသော စကားသည် ရှေးယခင်ကပင်ရှိခဲ့သည့် ဆိုရိုးစကားဖြစ်သော်လည်း ယနေ့လက်ရှိအချိန်အထိ မှန်နေဆဲ ဖြစ်ကြောင်း၊ ပထမအရွယ်ဟုခေါ်သော အသက်(၂၅)နှစ်အထိကာလမှာ ပညာရှာ၍ အကောင်းဆုံးကာလ ဖြစ်ကြောင်း၊ အစိုးရအလုပ်ဖြစ်စေ၊ ကုမ္ပဏီအလုပ်ဖြစ်စေ ဝင်ရောက်အလုပ်လုပ်ကိုင်သည့်အခါတွင် လည်း ဆယ်တန်းအောင်ထားရုံနှင့် မလုံလောက်သေးဘဲ ဘွဲ့တစ်ခုတူတူတန်တန် ရရှိထားရန်လိုအပ်ပါ ကြောင်း၊ ပညာကိုအမှန်တကယ် သိချင်တတ်ချင်စိတ်ရှိသူသည် စာအုပ်စာပေများကို အမြဲဖတ်ရှုနေ ကြောင်း၊ ခေတ်ကာလအလျောက် လူငယ်များသည် “ဗီဒီယို၊ ဂိမ်းနှင့် အပျော်အပါးများတွင် မွေ့လျော် ပျော်ပါးမည့်အစား စာဖြင့်မွေ့လျော်သည့်စိတ်ကို ပျိုးထောင်မွေးမြူရမည်ဖြစ်ပါကြောင်း ဆွေးနွေးပြော ကြားသည်။ 


ဆက်လက်၍ Book Club အဖွဲ့ဝင် စာရေးဆရာ ဝေယံလင်းထက်က “ သူတို့ပြောတဲ့ မြန်မာ အကြောင်း ” စာပိုဒ်ပါအကြောင်းအ‌ရာများကိုလည်းကောင်း၊ လူငယ်စာရေးဆရာမ စမ်းစီးသံက “ အမိ တက္ကသိုလ်က ပေးသောလက်ဆောင် ” စာပိုဒ်ပါအကြောင်းအ‌ရာများကိုလည်းကောင်း၊ လူငယ်စာရေး ဆရာမ  ဒေါ်မြဝတ်ရည်က “ ဝတ္ထုမဖတ်တာ ရှက်စရာ ” စာပိုဒ်ပါအကြောင်းအ‌ရာများကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များမှ‌ သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးခဲ့ကြကြောင်း သိရှိရသည်။ 


တင်ထွန်းဦး၊ ဖြိုးဝေလင်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment