Pages

Pages

ဂွမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းပြုလုပ်၊ စာအုပ်စာစောင်များလှူဒါန်း

                 





          

MNP ၊  ဩဂုတ်  ၂၄ 

ရခိုင်ပြည်နယ်၊  သံတွဲခရိုင်၊   ဂွမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန.    လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမတွင်  စာပေချစ်မြတ်နိုးသူများပါဝင်သည့် Women Club အဖွဲ့ဝင်များက ခင်စေတင့် ရေးသားသည့် "စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ" စာအုပ်ဖြင့်  ယနေ့မွန်းလွဲ၃နာရီ၌ စာဖတ်ဝိုင်းပြုလုပ်  ဆောင်ရွက်ခဲ့သည်။

      

 ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး  ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က. စာဖတ်ဝိုင်း ပြုလုပ် ရခြင်းကြောင့် စာပေ ဖတ်ရှုသည့် အလေ့အကျင့်များနှင့် အသိပညာဗဟုသုတများ  တိုးပွားလာပြီး အမှားအမှန် ဝေဖန်  ပိုင်ခြားနိုင်မှုများ  ရရှိလာစေရန်၊  စာပေ အကြောင်းအရာများကို တစ်ဦးနှင့်တစ်ဦးဖလှယ်နိုင်ပြီး  စာပေအကျိုးကျေးဇူးများကို  ရရှိခံစားနိုင်စေရန် ရည်ရွယ်၍  စာဖတ်ဝိုင်းကို   ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

  

ထို့နောက်  Women Club အဖွဲ့ဝင်များက" စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ" စာအုပ်တွင် ပါရှိသည့် "လမ်းလျှောက်ထွက်ကြမယ်"ဆောင်းပါးအား ဒေါ်ဥမ္မာမြိုင်က လည်းကောင်း၊  "မျှော်လင့်ချက်"ဆောင်းပါးအား ဒေါ်ကြင်ယုက လည်းကောင်း၊ "ရှင်သန်တိုးပွားချစ်ခြင်းတရား" ဆောင်းပါးအား ဒေါ်မကြူက လည်းကောင်း၊ "စွန့်စားမှုဆီသို့ ခြေတစ်လှမ်း" ဆောင်းပါးအား ဒေါ်နီနီအေးက လည်းကောင်း တစ်ဦးချင်းစီ  ခြုံငုံဖတ်ကြားခဲ့ကြပြီး ဆောင်းပါး အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းနှင့် ဦးစီးအရာရှိက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း  သိရသည်။ 


ဆက်လက်ပြီး ဦးမြင့်ဟန်+ဒေါ်ကြင်ယုတို့က မျိုးမတူမဂ္ဂဇင်း(၅)မျိုးပါ မဂ္ဂဇင်းစာအုပ်(၄၉)အုပ်အား မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ လှူဒါန်းပေးခဲ့ရာ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က လက်ခံရယူခဲ့ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment