Pages

Pages

HR ဝန်ထမ်းကို ရုံးစောင့်ထားခဲ့ရာ ငွေများယူ၍ ထွက်ပြေး


MNP ၊ သြဂုတ် ၂၉

သတိုးမင်းဖျားကုမ္ပဏီမှ HRဝန်ထမ်း တစ်ဦးသည် ရုံးတွင် အစောင့်ထားခဲ့စဉ် ကုမ္ပဏီရုံးခန်းထဲမှ ငွေကျပ်(၁၀)သိန်း ရယူပြီး ယမန်နေ့ ညက ထွက်ပြေးသွားကြောင်း ကုမ္ပဏီတာဝန်ရှိသူ တစ်ဦးက ဆက်သွယ်ပြောဆိုသည်။

အောင်ဇော်ဖြိုး (ဘ)ဦးသန်းအေး (၁၄/ဒဒရ(နိုင်)၂၃၂၄၁၁) ကိုင်ဆောင်သူသည် သတိုးမင်းဖျား ကုမ္ပဏီတွင် HRဝန်ထမ်းတစ်ဦးဖြစ်ကြောင်း၊ ဖုန်းခေါ်ဆို၍မရသဖြင့် ရုံးချုပ်တာဝန်ရှိသူမှ သွားရောက်စစ်ဆေးရာ ရုံးခန်းတံခါးသော့ ပိတ်လျက်အနေအထား တွေ့ရှိရပြီး ရုံးစောင့်အဖြစ် ရှိနေရမည့် ဦးအောင်ဇော်ဖြိုးကို မတွေ့ရကြောင်း၊ ရုံးခန်းတံခါးအားဖွင့်၍ ဝင်ရောက်စစ်ဆေးရာတွင် MD ရုံးခန်းအတွင်းရှိ စားပွဲအံစွဲအတွင်းမှ ငွေကျပ်(၁၀)သိန်း ပျောက်ဆုံးနေသည်ကို စိစစ်တွေ့ရှိရကြောင်း ဆက်သွယ်ပြောဆိုသည်။

ဖော်ပြပါ ဓာတ်ပုံပိုင်ရှင်မှ သတိုးမင်းဖျား ကုမ္ပဏီမှ ဖြစ်ပြီး ကုမ္ပဏီမှ ငွေကြေးများကို အလွဲသုံးစား ရယူပြီး ထွက်ပြေးနေသူဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူ က မြန်မာနေရှင်နယ်ပို့စ် သို့ ဆက်သွယ်ပြောဆိုထားသည်။


#MyanmarNationalPost

No comments:

Post a Comment