Pages

Pages

KNU နှင့် PDF အကြမ်းဖက်သောင်းကျန်းသူများက ဘီးလင်းမြို့ရှိ ရွှေသံလွင်တိုးဂိတ်ကို Drop Bomb ပစ်ချ တိုက်ခိုက် ပြည်သူ ၁ ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦး ထိခိုက်ဒဏ်ရာရ


MNP ၊ ဩဂုတ် ၂၄

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင် ကားလမ်း ရွှေသံလွင် Toll Gate ကို ယနေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က KNU နှင့် PDF အကြမ်းဖက်သောင်း ကျန်းသူများက Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၁ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

KNU နှင့် PDF အကြမ်းဖက်သောင်း ကျန်းသူများက Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ရန်ကုန် - မော်လမြိုင် ကားလမ်းပေါ်တွင်သွားလာနေသည့် ဘေးတွဲယာဉ်မောင်း သိန်းထူးအောင် တွင် ဦးခေါင်း နောက်စေ့ ဗုံးစထိမှန်ပေါက်ပြဲဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ) ရရှိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး (မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

KNU နှင့် PDF အကြမ်းဖက်သောင်းကျန်းသူများက အဆိုပါ Toll Gate နေရာရှိ လုံခြုံရေးအဖွဲ့ကို Drop Bomb ဖြင့် မကြာခဏ ပစ်ချတိုက်ခိုက်လေ့ရှိရာ ထိုသို့ တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူအများစု ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အမည်ခံ KNU သည် ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်း၍ အကြမ်းဖက်လုပ်ရပ်များ စဉ်ဆက်မပြတ် လုပ်ဆောင်လျှက် ရှိသော်လည်း အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခြင်း မရှိသေးပေ။


#MyanmarNationalPost

No comments:

Post a Comment