Pages

Pages

စစ်ကိုင်း - မုံရွာ ကားလမ်းတစ်လျှောက် PDF အကြမ်းဖက်သမားများထောင်ထားသော မိုင်းများ ရှင်းလင်းဖယ်ရှား


MNP ၊ သြဂုတ် ၂၅

စစ်ကိုင်းမြို့နယ် စစ်ကိုင်း-မုံရွာ သွားကားလမ်းတစ်လျှောက် နုံးတွင်းကျေးရွာနှင့် နတ်ခရိုင်ကျေးရွာကြား နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များသည် ယနေ့နံနက်ပိုင်းက PDF အကြမ်းဖက်သမားများ ထောင်ထားသော မိုင်းများအား ဖော်ထုတ်ရှင်းလင်း ဖယ်ရှားပေးခဲ့ကြောင်း သိရသည်။

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ သြဇာခံ PDF အကြမ်းဖက်သမားများက ခရီးသွားပြည်သူများကို အတိဒုက္ခရောက်စေရန် လက်လုပ်မိုင်းများ ထောင်ထားရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှင်းလင်းဆောင်ရွက် ပေးခဲ့ရာ လက်လုပ်ရှေ့ထွက်မိုင်း ၈ လုံး၊ ၁၂ ဗို့ဘက္ထရီအိုး ၂ လုံး၊ အရှည် ၃၀ ပေခန့်ရှိ ဝါယာကြိုး ၂ ခွေ တို့အား ဖော်ထုတ်သိမ်းဆည်း ရရှိခဲ့သည်။


#MyanmarNationalPost

No comments:

Post a Comment