Pages

Pages

မော်လိုက် - ကလေးဝ ကားလမ်းပေါ်ရှိ တံတား ၂စင်း ကို ဒေသခံပြည်သူများ ဖြတ်သန်းသွားလာခြင်း မပြုနိုင်အောင် PDF အကြမ်းဖက်သမားများက ဆိုးရွားစွာ ဖျက်ဆီးပစ်ခဲ့ကြောင်း သိရ





MNP ၊ သြဂုတ် ၃၀

ကလေးဝမြို့နယ် မော်လိုက်-ကလေးဝသွား ကားလမ်းပေါ်ရှိ ရွာသာကျေးရွာနှင့် နန်းဇလိန်ကျေးရွာကြားရှိ တံတား ၁ စင်း၊ နန်းဇလိန်ကျေးရွာနှင့် မန်ဖာကျေးရွာကြားရှိတံတား ၁ စင်း ပေါင်း တံတား ၂ စင်းအား ဩဂုတ်လ ၂၉ ရက် နံနက် ၅ နာရီခွဲခန့်တွင် PDF အကြမ်းဖက်သမားများမှ မိုင်းခွဲဖျက်ဆီးခဲ့ကြသည်။

PDF အကြမ်းဖက်သမားများမှာ ဒေသခံပြည်သူများ သွားလာနိုင်ခြင်း မရှိစေရန် မိုင်းခွဲဖျက်ဆီးရုံမျှနှင့် အားမရနိုင်ဘဲ ဘက်ဖိုးယာဉ်များဖြင့် လုံးဝ ဖြတ်သန်းသွားလာ၍ မရအောင် ထပ်မံဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများမှာ ဒေသခံပြည်သူများ ဆက်သွယ်လာမှု အခက်အခဲဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့သည်ကို တွေ့မြင်ရသည်။


#MyanmarNationalPost

No comments:

Post a Comment