Pages

Pages

မာန်အောင်မြို့နယ် ခအုန်းမော်ရွာသစ်ကျေးရွာရှိ RS to CS မျိုးစေ့ထုတ်စပါးစိုက်ခင်းအား ဓါတ်မြေသြဇာစုပေါင်းကြဲပက်ပွဲကျင်းပ






MNP ၊  ဩဂုတ်  ၂၂

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ခအုန်းမော်ကျေးရွာအုပ်စု၊ခအုန်းမော်ရွာသစ်ကျေးရွာနေ တောင်သူဦးမောင်သိန်း၏ ကွင်းအမှတ်(၈၆၀)(ခ)ဦးပိုင်အမှတ်(၁၂၆)ရှိလယ်ကွက်တွင် RS to CS မျိုးစေ့ထုတ် ဆင်းသုခစပါး စိုက်ခင်း(၅)ဧကအား ဓါတ်မြေသြဇာ စုပေါင်းကြဲပက်ပွဲကို ယနေ့နံနက်၈နာရီက အဆိုပါ စပါးစိုက်ခင်း၌ ကျင်းပသည်။


   ထိုသို့ ဓါတ်မြေသြဇာ ကြဲပက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူးဦးထွန်းစောမှ တောင်သူများအား ဘိုကာရှီမြေဆွေး သဘာဝမြေသြဇာနှင့်ဓါတ်မြေသြဇာ ရောစပ် နည်းများကိုရှင်းလင်းပြသပြီး တောင်သူများက မျိုးစေ့ထုတ် စပါးစိုက်ခင်းအား စုပေါင်းကြဲပက်ကြသည်။


   အဆိုပါ ဓါတ်မြေသြဇာ စုပေါင်းကြဲပက်ပွဲသို့  မြို့နယ်စီမံအုပ်ချုပ်ရေးမှူးဦးမင်းဇော်ဟိန်းနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊တောင်သူများက တက်ရောက်အားပေး ကြည့်ရှုကြကြောင်းသိရသည်။



ဦးသိန်းဖေ

https://t.me/MyanmarNationalPost




No comments:

Post a Comment