Pages

Pages

နေပြည်တော်ဘုရားကြီး ဝင်ကြေးကောက်ခံတော့မည်မဟုတ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား






MNP ၊ စက်တင်ဘာ ၁

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယာဉ်တော်အတွင်း ဝင်ရောက်၍ နေပြည်တော်ဘုရားကြီးအား ဖူးမြော်ရာတွင် ဝင်ကြေးကောက်ခံတော့မည် မဟုတ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားလိုက်သည်။

ဝါခေါင်လပြည့်နေ့က နေပြည်တော်ဘုရားကြီးတွင် တာဝန်ရှိသူများနှင့် အစည်းအဝေးကျင်းပခဲ့ပြီး ဘုရားဖူးပြည်သူများအား တွေ့ဆုံစဉ် နိုင်ငံတော်ဝန်ကြီးချုပ်က "ဝင်ကြေးမကောက်တော့ဘူး။ တယ်လီဖုန်းဖိုးပဲ ပေးရမယ်။" ဟု ရယ်မော၍ ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

ဗုဒ္ဓဥယာဉ်တော်အတွင်း ဝင်ကြေးကောက်ခံရန် စီစဉ်ဆောက်ရွက်မှုနှင့် ပတ်သက်၍ အမျိုးမျိုးသော ဝေဖန်ပြောဆိုမှုများ ရှိခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်က ဝင်ကြေးကောက်ခံတော့မည် မဟုတ်ကြောင်း ဘုရားဖူး ပြည်သူများနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်းဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment