Pages

Pages

ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေများဖြင့် အမှတ်(၂)ခရိုင်ချင်းဆက်လမ်း၌ ကျဉ်းမြောင်းနေသည့် လမ်းပိုင်းနေရာ(၂)နေရာအား ကတ္တရာတိုးချဲ့ခင်းပေး




MNP ၊  စက်တင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများ သယ်ယူရာတွင် အချိန်တိုအတွင်း လွယ်ကူမြန်စွာသယ်ယူနိုင်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများ ဖွံ့ဖြိးတိုးတက်စေရန်အတွက် ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနမှ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းများဆောင်ရွက်ပေးလျက်ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေများဖြင့် အမှတ်(၂)ခရိုင်ချင်းဆက်လမ်း၌  ကျဉ်းမြောင်းနေသည့် လမ်းပိုင်းနေရာအား ကတ္တရာ တိုးချဲ့ခင်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ကတ္တရာတိုးချဲ့ခင်းခြင်းလုပ်ငန်းများကို ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူပြီး စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလတွင်လုပ်ငန်းပြီးစီးရေး ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၁၉၈.၀၀၀)ကျပ်သန်းဖြင့် အမှတ်(၂)ခရိုင်ချင်းဆက်လမ်း၏ (၄၅.၂) ကီလိုမီတာနှင့် (၄၆)ကီလိုမီတာအတွင်း လမ်းအရှည် (၀.၈)ကီလိုမီတာနှင့် ခွင့်ပြုရန်ပုံငွေကျပ်(၃၀၀.၀၀၀)သန်းဖြင့် (၆၅.၈)ကီလိုမီတာ နှင့်(၆၆.၈)ကီလိုမီတာအတွင်း လမ်းအရှည်(၁)ကီလိုမီတာ တို့အား မူလလမ်းအကျယ်(၁၂)ပေမှ (၁၈)ပေ အကျယ်အထိ လမ်းတိုးချဲ့ပြီး ကျောက်သားထု(၂)ပေနှင့်ကတ္တရာတိုးချဲ့ခင်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


အမှတ်(၂)ခရိုင်ချင်းဆက်လမ်းမှ ကျဉ်းမြောင်းနေသည့်လမ်းပိုင်းများအား တိုးချဲ့ခင်းပေးခြင်းကြောင့်  ဒေသခံပြည်သူများနှင့် လမ်းအသုံးပြုသူပြည်သူများအတွက် ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများသယ်ယူရာတွင် ကုန်ကျစရိတ်သက်သာစွာဖြင့် အချိန်တိုအတွင်းသယ်ယူနိုင်မည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။


သက်မောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment